Sale!

Preterax5/1.25mg

46,000 Ks

Sale!

(1) ဆေးအမည်

        Preterax

 

(2) ပါ၀င်သောဆေးအမျိုးအစား

ဆေးပြား 2.5 mg တွင် Perindopril Arginine 2.5 mg နှင့်Indapamide0.625 ပါ၀င်ပါသည်။ ဆေးပြား 5mg တွင် Perindopril Arginine 5mg နှင့် Indapamide 1.25 mg ပါ၀င်ပါသည်။ ဆေးပြား 10 mg တွင် Perindopril Arginine10 mg နှင့် Indapamide 2.5 mg ပါ၀င်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ

သွေးတိုးရောဂါ

 

(4) အသုံးပြုပုံ

2.5 mg သို့ 5 mgဆေးပြားတစ်ပြားတစ်နေ့တစ်ကြိမ်မနက်ခင်းအစာမစားမီ။ 10 mg ထိတိုး၍ သုံးနိုင်သည်။

ကျောက်ကပ်မကောင်းသူများတွင် 2.5 mg တစ်နေ့တစ်ပြား။ (creatinine clearance > 30 ml / min)

အသက်ကြီးသောသူများတွင် သွေးပေါင်ချိန်ကိုမူတည်၍ ဆေးဝါးကို ချိန်ဆပေးရန်။

 

(5) ဘေးထွက်ဆိုးကျိုး

သွေးထဲတွင် ပိုတက်ဆီယမ်ပမာဏကျခြင်း၊ ၀မ်းချုပ်ခြင်း၊ ပျို့အန်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ သရက်ရွက်ရောင်ခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ သွေးပေါင်ကျခြင်း၊ ဓာတ်မတည့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သွေးအား နည်းခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

ဓာတ်မတည့်သူများ၊ သွေးထဲတွင် ပိုတက်ဆီယမ်ဓာတ်များသူများ/နည်းသောသူများ၊ နို့တိုက်မိခင်၊ ကိုယ်၀န် ဆောင်မိခင်များ၊ ကလေးများ၊ ကျောက်ကပ်သွေးကြောကျဉ်းသူများ၊ ကျောက်ကပ်တစ်ခု မကောင်းသူများတွင် အသုံးမပြုရ။  ကျောက်ကပ်မကောင်းသောသူများ (creatinine clearance < 30 ml / min) ၊ အသည်းမကောင်းသူများတွင်မသုံးရ။

ယူရစ်အက်ဆစ် (Uric Acid) နှင့် သွေးထဲရှိသကြားဓာတ်ကိုမြင့်စေနိုင်သောကြောင့် ဂေါက်ရောဂါရှင် များ၊ နှလုံးသွေးကြောကျဉ်းသူများတွင် သွေးပေါင်ကျစေနိုင်သဖြင့် အနည်းဆုံးသောပမာဏမှစ၍ သုံးရမည်။ ဆေးသုံးစွဲနေသောအချိန်တွင် ပိုတက်ဆီယမ်ပမာဏကိုတိုင်းတာရန်။ သွေးပေါင်ကျစေနိုင်သဖြင့် ခွဲစိတ်မှုပြုလုပ်မည့်သူများတွင် မခွဲစိတ်မီ ၁ ရက်အလိုကပင် ၎င်းဆေးကိုဖြတ်ထားရမည်။ ကားမောင်းသူများ၊ စက်မောင်းနှင်သူများတွင် သွေးပေါင်ကျစေနိုင်သဖြင့် သတိပြု၍သုံးစွဲရန်။

လက်တို့စ်သကြားပါ၀င်သောကြောင့် သွေးထဲတွင် ဂလတ်တို့စ် (galactose) ၊ သကြားများသူများ၊ လက်တေ့ (lactase) အင်ဇိုင်းချို့တဲ့သူများတွင်အသုံးမပြုရ။

 

(7) အခြားဆေးများနှင့်ဓါတ်ပြုမှု

ပိုတက်ဆီယမ်ဖြည့်စွက်ဆေးဝါးများ၊ စိတ်ရောဂါကုသဆေး (lithium) ဆေးများနှင့်အတူတွဲမသုံးရ။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

         Servier

 

(9) တင်သွင်းသည့်ကုမ္ပဏီ

Maxxcare

Reviews

There are no reviews yet.

Be the first to review “Preterax5/1.25mg”

Your email address will not be published. Required fields are marked *

Category: