Suniton ဆေးတွင် Paracetamol 500mg နှင့် Orphenadrine ( အော်ဖန်နာဒရင်း ) 35 mg တို့ဖြင့်ပေါင်းစပ်ဖွဲ့စည်းထားသော ကြွက်သားများ တင်းတောင့်ခြင်းနှင့် ကိုယ်လက်နာကျင်ကိုက်ခဲခြင်းများကို သက်သာပျောက်ကင်းစေသော ဆေးဖြစ်ပါသည်။
ပျောက်ကင်းနိုင်သော ရောဂါများ
- ဇက်ကြောတက်ခြင်း
- ကြွက်တက်ခြင်း
- ခေါင်းကိုက်ခြင်း
- ကြွက်သားများတင်းတောင့်နာကျင်ခြင်း
- ခါးနာခြင်း
- အရွတ်များထိခိုက်ဒဏ်ရာရခြင်း
ဆေးသုံးစွဲပုံအညွှန်း
တစ်ခါသောက် တစ်လုံး တစ်နေ့သုံးကြိမ် အစာစားပြီးမှသောက်ရမည်။
ဘေးထွက်ဆိုးကျိုး
ငိုက်မြည်ခြင်း၊အစာအိမ်ထိခိုက်ခြင်း၊အသည်းထိခိုက်ခြင်း၊နှလုံးခုန်မြန်ခြင်း၊ဆီးသွားရခက်ခြင်း၊မျက်လုံးဖိအားတက်၍အားလျော့ခြင်း၊
ပျို့အန်ခြင်း၊ခေါင်းမူးခြင်း၊ဝမ်းချုပ်ခြင်း
တချို့လူတွေမှာ ဆေးမတည့်ခြင်းများလည်းရှားရှားပါးပါး ဖြစ်တတ်ပါသည်။
ကြိုတင်သတိပြုရှောင်ကျဥ်ရန်၊
ငိုက်မြည်းစေတတ်သော အာနိသင် သက်ရောက်နိုင်သဖြင့် ယာဥ်မောင်ခြင်း စက်ယန္တရားများမောင်းနှင်ရန်ရှိပါက သတိပြုသောက်သုံးရန်၊ရေတိမ်ဝေဒနာရှင်များ ၊ကြွက်သားအားနည်းသူများ ၊အစာအိမ် ဖြစ်ဖူးသူများလည်းမသုံးသင့်ပါ။
Reviews
There are no reviews yet.